NUG ဝန်ကြီးများ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီနှင့် အနီးတဝိုက်တွင်နေထိုင်သော မိသားစုများနှင့် တွေ့ဆုံခြင်း

မတ်လ(၂) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုး ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦး နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမိုးဇော်ဦးတို့သည် ဝါရှင်တန်ဒီစီအချိန်၊ မတ် ၁ ရက် နေ့ခင်း၌ ဝါရှင်တန်ဒီစီ ၊ အိမ်နီးချင်း ၃ ပြည်နယ် – DC မေရီလန်း၊ ဗားဂျီးနီးယား၊ ပင်ဆီဗေးနီးယား ဒေသရောက် မြန်မာများနှင့် တွေ့ဆုံခဲ့ကြပါသည်။

အစည်းအဝေးတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရံပုံငွေရှာဖွေရေးနှင့် နွေဦးဖွံ့ဖြိုးရေးဘဏ်အကြောင်း ရှင်းလင်းတင်ပြခြင်း၊ အသွင်ကူးပြောင်းရေးကာလ စီးပွားရေးဆိုင်ရာ ပြင်ဆင်မှုများနှင့် ဖက်ဒရယ် စနစ်အတွက် ဘဏ္ဍာရေးနှင့်ရင်းနှီးမြှပ်နှံမှု၊ သဘာဝအရင်းအမြစ်များ ခွဲဝေမှုဆိုင်ရာ ပြင်ဆင်မှုများအကြောင်းတို့ အပြင် လက်ရှိ အခွန်ငွေနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top