
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
Myanmar Institute of Economy, Commerce and Industry (MIECI)
ရက်စွဲ- ဩဂုတ်လ (၁၆) ရက်၊ ၂၀၂၃ ခုနှစ်
အကြောင်းအရာ။ Trade Knowledge Sharing Program သင်တန်းသို့ ပါဝင် တက်ရောက်နိုင်ပါရန် ဖိတ်ကြားလွှာ
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ လုပ်ငန်းစဉ်များထဲမှ Myanmar Institute of Economy, Commerce and Industry ၏ စီးပွားရေး ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်လျက်ရှိရာ CDM ကျောင်းသား/ ကျောင်းသူများအား ရည်ရွယ်၍ တစ်ရက်တာ “Trade Knowledge Sharing Program” အား ဩဂုတ်လ(၁၉)ရက်နေ့တွင် မနက် (၁၀)နာရီမှ နေ့လည် (၁၂)နာရီအထိ၊ သင်ကြားပို့ချမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ “Trade Knowledge Sharing Program” အား စိတ်ဝင်စားသည့် CDM ပြုလုပ် ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ ပါဝင် တက်ရောက် စာရင်းပေးသွင်းနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်-
ရက်စွဲ- ဩဂုတ်လ (၁၉)ရက်နေ့
အချိန်- မနက် (၁၀)နာရီမှ နေ့လည် (၁၂)နာရီအထိ
နေရာ- Online Zoom Meeting
သင်တန်းတက်ရောက်ရန် registration link :
(မှတ်ချက်- သင်တန်းတက်ရောက်ရန် registration ပြုလုပ်ပြီးပါက သင်တန်း တက်ရောက်ခွင့် ရသူများအတွက် လင့်အား အီးမေးလ်မှတဆင့် ပေးပို့ပေးမည်ဖြစ်ပါ၍ Primary mailbox သာမက spam ကိုပါ စစ်ပေးပါရန်လေးစားစွာ တိုက်တွန်းအပ်ပါသည်။)
